လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာအဆောက်အအုံများ၊ အပြစ်မဲ့ အရပ် သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ စက်မှုလယ်ယာရုံးဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်များကိုင်ဆောင်၍ ရောက်ရှိလာပြီး အဆိုပါရုံးဝင်းအတွင်းရှိ လယ်ယာလုပ်ငန်းသုံး SONALIKA-70 HP ထွန်စက် တစ်စီး၊ စပါးရိတ်သိမ်းခြွေလှေ့စက် DC-70G တစ်စီးနှင့် DKC-685 နှစ်စီးတို့အား လုယက်ယူဆောင်၍ ပဲချပ်အနောက်ကျေးရွာသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ စက်မှုလယ်ယာရုံးဝင်းအတွင်း ဝင်ရောက်၍ လယ်ယာလုပ်ငန်းသုံးယာဉ်များ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။