PDF အမည်ခံ အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ကွက်/ကျေးရွာများအတွင်း ဝင်ရောက်ကာ လက်နက်အားကိုးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခြင်း၊ နိုင်ငံတော်မှ ဒေသခံပြည်သူများလူနေမှုဘဝအဆင်ပြေစေရန် တပ်ဆင်ပေးထားသည့် ထောက်ပံ့ရေး ပစ္စည်းများအား ဖျက်ဆီးခြင်း၊ လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်က လက်နက်များကိုင်ဆောင်၍ ကျေးရွာအတွင်း ဝင်ရောက်လာပြီး အဆိုပါ ကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ကျေးရွာရေရရှိရေးအတွက် တပ်ဆင်ပေးထားသည့် ၄၅၀ ဝပ် ဆိုလာပြား ၁၂ ချပ်အား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ PDF အမည်ခံအကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် ၄၅၀ ဝပ် ဆိုလာပြား ၁၂ ချပ်အား ပြန်လည်သိမ်းဆည်းရမိနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ကျေးရွာ အတွင်း ဝင်ရောက်၍ ၄၅၀ ဝပ် ဆိုလာပြား ၁၂ ချပ်အား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက် ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။