Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လက်နက်/ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်သူ PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ငါးဦးနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။