Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက် ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာအနီး မြင်းခြံ-မြို့သာကားလမ်းဘေးရှိ “ငွေကြယ်ဖြူ” စက်သုံးဆီဆိုင်အနီး Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါစက်သုံးဆီဆိုင်ရှိ အရောင်းဝန်ထမ်းဖြစ်သူ လယ်သစ်ကျေးရွာနေ မခိုင်ဌေး(၂၁)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်ဖြိုးသူရကျော် (၁)နှစ်(၆)လတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

5

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ၌ အကြမ်းဖက်သမားက Drone ယာဉ်အသုံးပြု၍ Drop Bomb များ

ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။