တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သား ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၀ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမှုန်းကုန်းကြီးကျေးရွာအုပ်စု စာရေး ဦးဇေယျာအောင်သည် ကပေါင်းကုန်းကျေးရွာအုပ်စု၊ ကပေါင်းကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ချိုနွယ် နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးမှ ဆိုင်ကယ် နှစ်စီးဖြင့် လက်နက်များ ကိုင်ဆောင်ရောက်ရှိလာပြီး ကျေးရွာအုပ်စုစာရေး ဦးဇေယျာအောင်အား ဖမ်းဆီး၍ လဲဘူးကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။