Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံကိန်း (Quick Impact Project -QIP) တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

     ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုး ဖြစ်ထွန်းစေမည့်စီမံကိန်း(Quick Impact Project-QIP)အရ ဆောင်ရွက်မည့်စီမံချက်များအတွက် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ “အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း” စီမံချက်ဆိုင်ရာပူးတွဲကော်မတီ ( JPMC)အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေသည် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ (JPMC)အဖွဲ့ဝင်များနှင့်အတူ(Quick Impact Project -QIP)အရ ဆောင်ရွက်မည့်စီမံချက်များအနက် စီမံချက် သုံးခု (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန)နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နှစ်ဖက်လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့်အညီ ဒုတိယအရစ် ငွေပေးချေနိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်း၊ နှစ်ဖက်ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ ချပြရှင်းလင်းခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။