၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို-ကင်မွန်းစခန်းလမ်းတစ်လျှောက် Road Paint (Center Line) ရေးဆွဲခြင်းလုပ်ငန်းနှင့် မြို့ရှောင်လမ်းဘေးတွင် Retaining Wall တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို-ကင်မွန်းစခန်းလမ်းတစ်လျှောက် Road Paint (Center Line) ရေးဆွဲခြင်းလုပ်ငန်းနှင့် မြို့ရှောင်လမ်းဘေးတွင် Retaining Wall တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။