ပြည်ထဲရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည်အမေရိကန်သံရုံး၊ ဒုတိယအကြီးအကဲMs.KristenBaureဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၆-၁-၂၀၁၇ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၈)ရှိဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။