Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ မန္တလေးကျောင်းလမ်းရှိ “THE BEST” စားသောက်ဆိုင်မီးဖိုခန်း မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ မန္တလေးကျောင်းလမ်းရှိ ပိုင်ရှင် ဦးသန့်ညီညီစိုး(ခ)မိုဟာမက်လာအီ၏ ၄၀ x ၇၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် “THE BEST” စားသောက်ဆိုင်၏အနောက်ဘက်၌ အဖီဆွဲထားသော STEEL STRUCTURE ၂၀ x ၁၀ ပေ၊ မီးဖိုခန်းအတွင်း၌ ရေခဲသေတ္တာဖြင့် ချိတ်ဆက်အသုံးပြုသော မီးပလတ်ခုံ အပူလွန်ကဲရာမှ  မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် မီးဖိုခန်းအတွင်းရှိ ငါးထပ်သားပြားများနှင့် လျှပ်စစ်ဝိုင်ယာကြိုး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန့်ညီညီစိုး(ခ)မိုဟာမက်လာအီ အား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။