၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်းဘေးတွင် လုံးပတ် နှစ်ပေခွဲ၊ အမြင့် ၄၀ ပေခန့်ရှိ ကုက္ကိုပင်သည် Wifi ဖိုက်ဘာကြိုးများပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။