၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၄x၃၅ ကြား၊ ၆၈ လမ်းရှိ ပိုင်ရှင် ဒေါ်နန်းမွေနွမ်း၏ ၁၅x၄၀ ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း နှစ်ထပ် “Suger Mommy Tea” အရောင်းဆိုင်တွင် ဆိုလာမီးအသုံးပြု၍ ဒီဂျစ်တယ်မီးဖိုဖြင့် ရေနွေးတည်ရာမှ အပူလွန်ကဲပြီး သစ်သားခုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုင်ခန်းအပေါ်ထပ်ကြမ်းခင်း မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်နန်းမွေနွမ်းအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။