၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ သိမ်ကုန်းရပ် အကွက်(၃၁)၊ ၇၈ လမ်း၊ (၈x၉)ကြားတွင် ပိုင်ရှင် ဦးထွန်းအောင် (၁၅x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ်တွင် မီးသွေးမီးဖိုအသုံးပြုပြီး မီးမငြှိမ်းဘဲထားခဲ့ရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၅x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် တစ်လုံး၊ ၁၀x၁၀ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ် နှစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် နှစ်လုံး၊ ၁၂x၃၅ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် နှစ်လုံး၊ ၂၀x၄၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၅x၂၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် တစ်လုံး၊ ၁၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် တစ်လုံး၊ ၁၅x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် နှစ်လုံး၊ ၁၅x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ်တစ်လုံး၊ ၁၂x၂၅ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် နှစ်လုံး၊ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် နှစ်လုံး၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၀x၄၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀x၂၅ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၂x၂၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၃၈x၂၈ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀x၃၀ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် တစ်လုံး၊ ၂၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ် လေးလုံး၏ အပေါ်ထပ်၊ ၁၅x၃၅ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ်၏ အပေါ်ထပ်၊ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ်၏ အပေါ်ထပ်၊ ၁၀x၂၀ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ် နေအိမ်၏ အပေါ်ထပ်၊ ၂၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၊ ၂၀x၁၀ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ်၏ အပေါ်ထပ် စုစုပေါင်း နေအိမ် ၂၆ လုံး၊ နေအိမ် ၁၀ လုံး၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း နှင့် ပိုင်ရှင် ဦးထွန်းအောင်အား အမှတ်(၄)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured