၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇x၃၈ ကြား၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းတွင် ပိုင်ရှင် ဦးမိုးဇော်၏ ရာဇသိင်္ခ (ဗန်းမော် - မန္တလေး)သင်္ဘော၏ ဆီပီပါများထားရှိသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ ဆီငွေ့နှင့်မီးပွားထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဘိလပ်မြေ ၃၀၀ အိတ်၊ ထုံး ၁၀၀ အိတ်၊ ဒီဇယ်ပီပါ ၁၀၀ လုံးနှင့် သင်္ဘောကိုယ်ထည်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ရေယာဉ်တာဝန်ခံ ဦးနိုင်းစည်သူအား အမှတ်(၇)နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။