၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီ ၅၁ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၂ x ၂၃ လမ်းနှင့် ၈၂ x ၈၃ လမ်းကြားရှိ ပိုင်ရှင် ဒေါ်ခင်ကြည်၏ ၂၀ x ၂၅ ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်၏အပေါ်ထပ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး အနီးရှိ တရားစာအုပ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၂၅ ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ခင်ကြည်အား အမှတ်(၅)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။