Language: Myanmar English

တင်ဒါထုတ်ပြန်ချက် - ၈၇ (၃၁-၁၂-၂၀၂၄)

ပြည်ထဲရေးဝန်ကြီးဌာန၊
၂၀၂၄-၂၀၂၅ ငွေလုံးငွေရင်း(ဖြည့်စွက်)/ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ
အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီသည် တပ်ဖွဲ့/ ဦးစီး ဌာနများအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပါသည်။
၂။ အဆိုပြုတင်ဒါအဆိုပြုလွှာ တင်သွင်းထားသော လုပ်ငန်းရှင်များ၏ စျေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံများနှင့်ပတ်သက်၍ Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ၃၁-၁၂-၂၀၂၄ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ တပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
၃။ စျေးနှုန်းတင်သွင်းခြင်းတင်ဒါပုံစံ တင်သွင်းရမည့် ကုမ္ပဏီများအနေဖြင့် တပ်ဖွဲ့/ ဦးစီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းအုပ်စုအလိုက် ဈေးနှုန်းအဆိုပြုလွှာများအား ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင်ကျောက်မျက်ကွက်သစ်၊ တော်ဝင်ရတနာလမ်း (ဆုတောင်းပြည့်ကျောင်းတိုက်အနီး)ရှိ ဒက္ခိဏခရိုင် မီးသတ်စခန်းတွင် ၆-၁-၂၀၂၅ ရက်နေ့ နံနက်(၀၉၀၀)အချိန်မှ ညနေ ၄ နာရီ(၁၆၀၀)အချိန်အထိ တင်သွင်းရမည်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ကျော်လွန်၍ တင်သွင်းလာသော စျေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံများကို လက်ခံစဉ်းစားခြင်း မပြုပါ။)
  • အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်-
    • မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း ၀၆၇-၃၄၁၂၁၃၈ ၊ ၀၆၇-၃၄၁၂၄၆၂
    • အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၁၂၈၂၂ ၊ ၀၆၇-၃၄၁၂၇၇၂
    • အကျဉ်းဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၄၂၀ ၊ ၀၆၇-၃၄၃၁၄၂၆
 
 
 
 
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ