ပြည်ထဲရေးဝန်ကြီးဌာန
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ
Profile အောင်မြင်သည့်ကုမ္ပဏီအမည်စာရင်း ကြော်ငြာခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီသည် တပ်ဖွဲ့/ဦးစီးဌာန များအတွက် လိုအပ်သောစက်နှင့်စက်ပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ စစ်ဆေးရေးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ အခြားရုံးသုံးပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ပါသည်။
၂။ တင်ဒါအဆိုပြုလွှာတင်သွင်းထားသောလုပ်ငန်းရှင်များ၏ စျေးနှုန်းတင်သွင်းခြင်း တင်ဒါ ပုံစံများနှင့်ပတ်သက်၍ Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ၂-၁-၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာတပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
၃။ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုလုပ်ငန်းများအတွက် ဈေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံတင်သွင်း ရမည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအုပ်စုအမှတ်စဉ်အလိုက် ၆-၁-၂၀၂၅ ရက်နေ့မှ စတင်၍ သတ်မှတ် နေ့ရက်များတွင် ၀၈၃၀ နာရီမှ ၁၀၀၀ နာရီအထိ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင် ကျောက်မျက်ကွက်သစ်၊ တော်ဝင်ရတနာလမ်း (ဆုတောင်းပြည့်ကျောင်းတိုက်အနီး) ရှိ ဒက္ခိဏခရိုင် မီးသတ်စခန်းတွင် တင်သွင်းရမည်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ကျော်လွန်၍ တင်သွင်းလာသော စျေးနှုန်း တင်သွင်းခြင်းတင်ဒါပုံစံများကို လက်ခံစဉ်းစားခြင်းမပြုပါ။)
၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်-
(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း-၀၆၇-၃၄၁၂၅၁၂၊ ၀၆၇- ၃၄၁၂၄၀၂
( ခ ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖုန်း-၀၆၇-၃၄၁၂၇၇၂၊ ၀၆၇- ၃၄၁၂၈၂၁
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ