ပြည်ထဲရေးဝန်ကြီးဌာန
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ
Profile အောင်မြင်သည့်ကုမ္ပဏီအမည်စာရင်း ကြော်ငြာခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီသည် ဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများအတွက် လိုအပ်သောစက်နှင့်စက်ပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ စစ်ဆေးရေး ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ အခြားရုံးသုံးပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပါသည်။
၂။ တင်ဒါအဆိုပြုလွှာတင်သွင်းထားသော လုပ်ငန်းရှင်များ၏ စျေးနှုန်းတင်သွင်းခြင်း တင်ဒါ ပုံစံများနှင့် ပတ်သက်၍ Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ၁၅-၅-၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာဝန်ကြီးရုံးနှင့်တပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
၃။ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုလုပ်ငန်းများအတွက် စျေနှုန်းတင်သွင်းခြင်း တင်ဒါပုံစံတင်သွင်း ရမည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအုပ်စုအမှတ်စဉ်အလိုက် ၁၉-၅-၂၀၂၅ ရက်နေ့မှ စတင်၍ သတ်မှတ် နေ့ရက်များတွင် ၀၈၃၀ နာရီမှ ၁၀၀၀ နာရီအထိ ရုံးအမှတ်(၃၈)၌ တင်သွင်းရမည်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ကျော်လွန်၍ တင်သွင်းလာသော စျေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံများကို လက်ခံ စဉ်းစားခြင်းမပြုပါ။)
၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်-
(က) ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဖုန်း-၀၆၇-၃၄၁၂၄၆၆၊ ၀၆၇-၃၄၁၂၆၂၁၊
( ခ ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း-၀၆၇-၃၄၁၂၅၁၂၊ ၀၆၇- ၃၄၁၂၅၁၄
( ဂ ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း-၀၆၇- ၃၄၃၁၃၉၅
(ဃ) အကျဉ်းဦးစီးဌာန ဖုန်း-၀၆၇-၃၄၃၁၄၂၆၊ ၀၆၇-၃၄၃၁၄၂၀
( င ) မီးသတ်ဦးစီးဌာန ဖုန်း- ၀၁-၆၆၁၅၄၄
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ