ပြည်ထဲရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်း
စိစစ်ရေးကော်မတီ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီသည် တပ်ဖွဲ့/ ဦးစီး ဌာနများအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပါသည်။
၂။ အဆိုပြုတင်ဒါ အဆိုပြုလွှာ တင်သွင်းထားသော လုပ်ငန်းရှင်များ၏ စျေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံများနှင့်ပတ်သက်၍ Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ၂၅-၅-၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ တပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
၃။ စျေးနှုန်းတင်သွင်းခြင်းတင်ဒါပုံစံ တင်သွင်းရမည့် ကုမ္ပဏီများအနေဖြင့် တပ်ဖွဲ့/ ဦးစီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းအုပ်စုအလိုက် ဈေးနှုန်းအဆိုပြုလွှာများအား ရုံးအမှတ်(၃၈) တွင် ၂-၆-၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)အချိန်မှ ညနေ ၄ နာရီ(၁၆၀၀)အချိန်အထိ တင်သွင်းရမည်ဖြစ်ပါသည်။ (သတ်မှတ်ချိန် ကျော်လွန်၍ တင်သွင်းလာသော စျေးနှုန်းတင်သွင်းခြင်း တင်ဒါပုံစံများကို လက်ခံစဉ်းစားခြင်းမပြုပါ။)
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်-
(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း ၀၆၇-၃၄၁၂၁၃၈၊ ၀၆၇-၃၄၁၂၄၆၂
( ခ ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၃၉၀၊ ၀၆၇-၃၄၃၁၃၉၅
( ဂ ) အကျဉ်းဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၄၂၀၊ ၀၆၇-၃၄၃၁၄၂၆
(ဃ) မီးသတ်ဦးစီးဌာန ဖုန်း ၀၆၇-၃၄၂၀၀၂၅၊ ၀၁-၆၆၁၅၄၄
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ