ပြည်ထဲရေးဝန်ကြီးဌာန
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ
အိတ်ဖွင့်တင်ဒါ Open Tender ခေါ်ယူခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီသည် တပ်ဖွဲ့/ဦးစီး ဌာနများအတွက် လိုအပ်သောစက်နှင့်စက်ပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ စစ်ဆေးရေးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ အခြားရုံးသုံးပစ္စည်းများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အဆိုပါပစ္စည်းတင်သွင်းလိုသော ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများကို ၂-၁၂-၂၀၂၄ ရက်နေ့မှစ၍ နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာတပ်ဖွဲ့/ဦးစီးဌာနများတွင် ဝယ်ယူနိုင်ပြီး ၁၆-၁၂-၂၀၂၄ ရက်နေ့ ညနေ (၁၆၀၀)နာရီ နောက်ဆုံးထား၍ တင်ဒါအဆိုပြုလွှာအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ တင်ဒါဖွင့်လှစ်မည့်နေ့ရက်အား နိုင်ငံပိုင်သတင်းစာများမှ ထပ်မံကြော်ငြာမည်ဖြစ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်-
(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း-၀၆၇-၃၄၁၂၅၁၂၊ ၀၆၇- ၃၄၁၂၄၀၂
( ခ ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖုန်း-၀၆၇-၃၄၁၂၇၇၂၊ ၀၆၇- ၃၄၁၂၈၂၁
( ဂ ) မီးသတ်ဦးစီးဌာန ဖုန်း-၀၆၇-၃၄၂၀၀၂၅၊ ၀၁-၆၆၁၅၄၄
စက်နှင့်စက်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ