ပြည်ထဲရေးဝန်ကြီးဌာန၊
၂၀၂၄-၂၀၂၅ ငွေလုံးငွေရင်း(ဖြည့်စွက်)/ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပြည်ထဲရေးဝန်ကြီးဌာန၏ အောက်ဖော်ပြပါ တပ်ဖွဲ့/ ဦးစီးဌာနများတွင် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ပါသည် -
- မြန်မာနိုင်ငံရဲတပ်ဖွဲ့။ နေပြည်တော်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ ရန်ကုန်တိုင်းဒေသကြီး။
- အကျဉ်းဦးစီးဌာန။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်။
၂။ အဆိုပါလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များသည် လုပ်ငန်းဆိုင်ရာအဆိုပြုလွှာများကို ၆-၁၂-၂၀၂၄ ရက်နေ့မှ စတင်ဝယ်ယူနိုင်ပြီး ၁၆-၁၂-၂၀၂၄ ရက်နေ့ ၁၆၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ တင်ဒါစည်းကမ်းချက်များနှင့်အညီ အဆိုပြုလွှာတွင်ပါဝင်ရမည့် အချက်အလက်များကို သက်ဆိုင်ရာ တပ်ဖွဲ့/ ဦးစီးဌာန(ရုံးချုပ်)များတွင် ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ တင်ဒါတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်နှင့် ကုမ္ပဏီ Profile ကိုပါ တင်ပြရမည်ဖြစ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
- မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း ၀၆၇-၃၄၁၂၁၃၈ ၊ ၀၆၇-၃၄၁၂၄၆၂
- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၁၂၈၂၂ ၊ ၀၆၇-၃၄၁၂၇၇၂
- အကျဉ်းဦးစီးဌာန ဖုန်း ၀၆၇-၃၄၃၁၄၂၀ ၊ ၀၆၇-၃၄၃၁၄၂၆
တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ